Shwe Lar Hot Pot Official
ဒီဆိုင်ကတော့ ဖွင့်ထားတာလည်း ကြာပြီဖြစ်ပြီး လူသိများပြီးသားလည်းဖြစ်တဲ့ Shwe Lar Hotpot ပဲ ဖြစ်ပါတယ်။ ဒီဆိုင်ကလည်း မြန်မာတစ်နိုင်ငံလုံးမှာ ဆိုင်ခွဲပေါင်းများစွာ ဖွင့်ထားတာကို တွေ့ရပါတယ်။ ဖွင့်ထားတဲ့ ဆိုင်ခွဲတော်တော်များများက ဆိုင်နေရာကျယ်ဝန်းတာကြောင့် မိသားစုမိတ်ဆုံစားပွဲ၊ ကုမ္ပဏီ Party ပွဲတွေ ကျင်ပမယ်ဆိုရင် ရွေးချယ်သင့်တဲ့ဆိုင်ပဲ ဖြစ်ပါတယ်။
Hotpot အရည်က အချို၊ အစပ် နှစ်မျိုးရှိပြီး Add On အနေနဲ့ အသားလုံး၊ ပင်လယ်စာ၊ အသီးအရွက်တွေကိုမှ အမျိုးပေါင်း ၂၀၀ ကျော် ရရှိမှာပါ။ Hotpot နဲ့ တွဲစားစာရမယ့် အချဉ်ရည်ကတော့ မိမိကြိုက်နှစ်သက်သလို အရသာစပ်ပြီး လိုသလောက် သုံးဆောင်လို့ ရပါတယ်။
သောက်စရာအနေနဲ့ကတော့ Lemon Tea ကို Free Flow ပေးထားပါတယ်။ ။👌
