1 y - Translate

Spring In Korea ဆိုပြီး ‌တွေးကြည့်ဖူးလား ? 🍃

ဆောင်းရဲ့ အအေးငွေ့ငွေ့လေး နဲ့ နွေဦးရဲ့ အနွေးဓာတ်လေးတွေ ဖြာကျနေပြီး ရွက်သစ်လေးတွေ ‌ဝေနေတဲ့ ဧပြီလက ကိုရီးယားမှာဆို အပြင်ထွက်လည်လို့ အရမ်းလှတဲ့ အချိန်လေးပါ..

ကိုရီးယားလူမျိုးတွေကတော့ ဧပြီလ နွေဦးရာသီကို ‌ရောက်ရင် ပျော်နေတော့တာပါပဲ ..အေးလွန်းလို့ အဝတ်ထူထူကြီးတွေ ဝတ်ပြီး အိမ်တွင်းအောင်းခဲ့ရတဲ့ ဆောင်းတွင်းကာလကို ကုန်လွန်လာပြီး ချစ်စရာကောင်းတဲ့ အရောင်လွင်လွင် အဝတ်အစားလေးတွေနဲ့ ပထမဆုံး အပြင်ကို ပြန်ထွက်ကြတဲ့ အချိန်ကိုး..

ရာသီဥတုအရမ်းသာယာပြီး အပြင်ထွက်လည်လို့ကောင်းတဲ့ နွေဦးမှာ "Spring In Korea" လုပ်နိုင်ဖို့ ဂျယ်ဂျူ - ဘူဆန် - ဆိုးလ် မြို့‌ခရီးစဉ်ကို New Motion Travels & Tours နဲ့အတူ အလည်သွားရအောင် !!

ကိုရီးယားရဲ့ နွေဦးရဲ့အလှကို ပိုမို အသက်ဝင်စေတဲ့ ချယ်ရီပန်းပွင့်ချိန်လည်း ဖြစ်လို့ ကံကောင်းရင် ပန်းနုရောင် ချယ်ရီပန်းလေးတွေကို တွေ့ရနိုင်မဲ့ ဧပြီလ ခရီးစဉ်မှာ ..

▪️ Jeju (ဂျယ်ဂျူ)ကျွန်း
UNESCO စာရင်းဝင်တဲ့ Seongsan (ဆွန်းဆန်း)တောင်ကို သွားရောက်လည်ပတ်ပါမယ်။ Sunrise Peak လို့ ခေါ်ဆိုရတဲ့အထိ နေထွက်ချိန်မြင်ကွင်းက ရင်သက် ရူမော‌ဖွယ်ကောင်း အောင် လှပလွန်းလို့ ဂျယ်ဂျူကျွန်းကိုရောက်ရင် Seongsan (ဆွန်းဆန်း)ကို မရောက်မဖြစ်သွားရမယ်ဆိုတဲ့အထိ ကမ္ဘာတစ်ဝှမ်းမှာ ကျော်ကြားလွန်းပါတယ် ။

▪️ Busan (ဘူဆန်) မြို့
Picture Perfect ရွာလေးဖြစ်တဲ့ ဓာတ်ပုံရိုက်လို့ အလှဆုံး တောင်စောင်းပေါ်မှာ လှေကားထစ်ပုံစံ ဆောက်ထားတဲ့ တိုက်ရောင်စုံလေးတွေ ရှိရာ Gamcheon Culture Village မှာ ဓာတ်ပုံလှလှလေးတွေ ရိုက်ကြမယ် ။ ဘူဆန်က Songdo Sea ရဲ့ Cable Car က မှန်ကြမ်းခင်းဖြစ်လို့ ဘူဆန်မြို့ရဲ့ အလှအပြင် ငုံကြည့်လိုက်တာနဲ့ ကမ်းခြေကို မြင်နေရတဲ့ ခံစားချက်ကလည်း စိတ်လှုပ်ရှားစရာလေးဖြစ်နေမှာပါ ။

လေ တဖြူးဖြူးတိုက်နေတဲ့ နံနက်ခင်းမှာ ကမ်းခြေကို ရထားနဲ့ ပတ်ပြီး ကြည့်ရမယ်ဆိုရင် ထူးဆန်းနေမလား? ကောင်းကင်ပြာပြာကြီး အောက်မှာ Beach Train လေးစီးပြီး ကမ်းခြေအလှကို ခံစားနိုင်ဖို့ Haeundae Blue Line Park ကို သွားရောက်ပါမယ် ။

▪️ Seoul (ဆိုးလ်)

ကိုရီးယားကို ရောက်ရင် ဈေးဝယ်ထွက်ဖို့က မလုပ်မဖြစ်ကိုလုပ်ရမဲ့ အရာတစ်ခုဖြစ်လို့ နာမည်ကြီး Dongdaemun Market နဲ့ ကိုရီးယားနိုင်ငံ ရဲ့ အကြီးဆုံး Shopping Mall တစ်ခုဖြစ်တဲ့ COEX Mall ကို ပို့ဆောင်ပေးသွားမှာပါ ။ COEX Mall ကိုရောက်ရင် Starfield Library မှာ ဓာတ်ပုံရိုက်ပြီး ကိုရီးယားဆန်ဖို့ မမေ့ပါနဲ့နော် ။

✅ဟန်းဘို့ (ကိုရီးယားရိုးရာဝတ်စုံ)လှလှလေး ဝတ်ပြီး ဓာတ်ပုံလှလှလေးတွေ ရိုက်ဖို့ ဂျိုဆွန်းခေတ် လက်ရာများနဲ့ ခမ်းနားနေတဲ့ Gyeongbok နန်းတော်

✅ကိုရီးယား ရသစုံလင် အစီအစဥ်ကြည့်တဲ့သူတွေနဲ့ စိမ်းနေမှာ မဟုတ်တဲ့ အရှေ့တောင်အာရှမှာ ပထမဆုံးနှင့် အရှည်ဆုံး သစ်သား Roller Coaster ရှိရာ Everland Theme Park ၊

✅ဆိုးလ်တစ်မြို့လုံးရဲ့ အလှအပကို ကြည့်ရှုဖို့ N Seoul Tower ၊

✅Nightlife မှာ နာမည်ကြီးနေရာတစ်ခုဖြစ်တဲ့ Itaewon စတဲ့ ကိုရီးယားနိုင်ငံအနှံ့ကို လည်ပတ်ရမဲ့ ခရီးစဥ်ဖြစ်လို့ ရက်အလိုက် သွားရောက်လည်ပတ်မဲ့ နေရာတွေကို အသေးစိတ်သိနိုင်ဖို့ အခုပဲ ဆက်သွယ် စုံစမ်းလိုက်ပါရှင့် ..

📌ခရီးစဉ်မှာ ဧည့်သည်တော်များ စိတ်အနှောင့်အယှက်ဖြစ်စေသော Cosmetic Shop ၊ Ginseng Center ၊ Amethyst Shop၊ Kimchi Center များကို ထည့်သွင်းစီစဉ်ပေးထားခြင်း မရှိပါ ။

ရန်ကုန်ရုံးချုပ်
☎️Hotline 09 260 792 883 နဲ့
📱 ရုံးချိန်အတွင်း 09 260 792 881 / 882/ 884
🗺️ အမှတ် (၂၇၅ ) Redhill Tower ( ၇ )လွှာ ၊ ပြည်လမ်း ၊ မြေနီကုန်း ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့

မန္တလေးရုံးခွဲ
☎️Hotline 09 910 211 22
📱 09 259 033 443
🗺️ အမှတ် (၆၄) ၊ ၇၃လမ်း ၊ ၂၆-၂၇ လမ်းကြား ၊ ချမ်းအေးသာဇံ မြို့နယ် ၊ မန္တလေးမြို့ သို့လာရောက်နိုင်ပါတယ်ရှင့်

New Motion Travels & Tours မှ ဧည့်သည်တော်တွေကို နွေးထွေးပျူငှာစွာ ကြိုဆိုလျှက်ပါ ။💁‍♀️

#koreatrip #seoul #jeju #busan
#apriltourplan
#newmotion_travelsandtours
#escape_from_everyday_life